Home သတင်း နိုင်ငံတကာသတင်း ဓါတ်ပုံ ဗီဒီယို ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်)သတင်း ဆောင်းပါး ကရင့်သမိုင်း ကရင်ရိုးရာဓလေ့နှင့်ယဉ်ကျေးမှု ငြိမ်းချမ်းေ၇းသံလွင်

Sunday, November 18, 2012



အမေရိကန် သမ္မတ အိုးဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု အသံဖိုင်နှင့် ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ

၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ

(အိမ်ဖြူတော်သတင်းဌာန)

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြောပါရစေ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။

ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။

ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်းသီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ်ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ကြားခဲ့ရပါတယ်။ ပြည်ပမှာရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲတမ်းတဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက်အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အံ့မခန်း ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစားအားကျခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာ သက်သေပြခဲ့တာပါ။ သမ္မတရာထူးလက်ခံခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော်သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။

အဲဒါကတော့ - “တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်” ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။

သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော်ဟာလည်း အင်အားယူပေါ်ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။

နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို တားဆီးမှုတွေရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေလည်း ပေါ်လာနေပါပြီ။ ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ်လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။

ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုးဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။

ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီးသွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူတရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလိုဖြစ်သွားစေဖို့ လိုပါတယ်။

အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစားလိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ်မှုတွေအစား သတင်းဆင်ဆာဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွားရပါလိမ့်မယ်။ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။ မြစ်ဆုံရေကာတာစီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။

မတရားအသင်းလို့ ကြေငြာမှုတွေမရှိတော့ဘဲ နိုင်ငံရေးပါတီတွေကိုလည်း လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။ လွှတ်တော်ရွေးကောက်ပွဲတွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။ ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။

ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ။ ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။

အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတယ်ဆိုရင်တောင် များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေးသူငယ်ကိုမှလည်း စစ်သားအဖြစ်ခိုင်းစားတာမျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်းပုံဖြတ်တာ မရှိတော့ပါဘူး။

နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လည်း ရှိနေမယ့်အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။

လူထုလူတမနးစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။ နိုင်ငံသားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။

အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။

ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။ ဘယ်သူဖြစ်ဖြစ် အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။

သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့ ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။

ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။ ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။

ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့် လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊ ဘာသာ နဲ့ လူမျိုးဆိုတဲ့ ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ် ဆိုတာကို သမိုင်းကပြနေပါတယ်။ တကယ်တမ်း ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။

အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။ ကာလကြာလာတာနဲ့ အမျှ ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။

ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။

Saturday, June 16, 2012

၂၀၁၁ ခုနှစ် ငွေစာရင်းရှင်းတမ်း

၂၀၁၀ ခုနှစ် ကျန်ငွေ စုစုပေါင်း



၂၀၁၁ခုနှစ်   ဝင်ငွေ စာရင်း 

တစ်ဦးလျှင် ကောက်ခံငွေ   ၂၅၀၀၀ ယမ်း

စောဘလှသိန်း    ၂၅၀၀၀ ယမ်း
နော်လေးဖော်မင်း  ၂၅၀၀၀ ယမ်း
စောဝင်းသိန်း        ၂၅၀၀၀ ယမ်း
စောကစ်ဂျင်ဂျာ     ၂၅၀၀၀ ယမ်း
စောကပေါထူး       ၂၅၀၀၀ ယမ်း
နော်သိန်းသိန်း      ၂၅၀၀၀ ယမ်း
စညီညီလွင်          ၂၅၀၀၀ ယမ်း
စခင်မောင်အေး   ၂၅၀၀၀ ယမ်း
စောသဆဲလ်       ၂၅၀၀၀ ယမ်း
နော်ဥမ္မာ             ၂၅၀၀၀ ယမ်း
စောကျော်ထင်ထူး  ၂၅၀၀၀ ယမ်း
နော်ပေါလင်း         ၂၅၀၀၀ ယမ်း
စောဆာနေဘလု    ၂၅၀၀၀ ယမ်း

စုစုပေါင်းရငွေ ...   ၃၂၅၀၀၀ ယမ်း


၂၀၁၁ ခုနှစ် ရသုံးငွေ စုစုပေါင်း 







ထွက်ငွေ စာရင်း

စာအုပ်ထုတ် ၁၂၂၀၈ ယမ်း
အခန်း ခ ၇၁၀၀ ယမ်း
အမျိုးသားနေ့  ၇၅၄၀ ယမ်း
စာအုပ်ချုပ်ရန် ၅၀၀၈ ယမ်း
စည်းဝေး အခန်းခ ၄၆၀၀ ယမ်း
ပြက္ခဒိန် ၇၀၀၀ ယမ်း
အပေါ်ကဒ်ဓာတ်ပုံ ၁၁၂၅၁ ယမ်း
အမျိုးသားနေ့ အခန်းထပ်ယူ ၅၈၀၀ ယမ်း
စာအုပ်ထုတ် ကော်ပီကူး ၉၀၀၀ ယမ်း
အမျိုးသားနေ့  ၁၆၄၃၃ ယမ်း
ဂျပန် ဘာသာပြန် ဦးရွှေဘ ၁၀၀၀၀ ယမ်း
ကိုလှအေးမောင် ကူညီ ၁၀၀၀၀ ယမ်း
နယ်စပ်မှ ရောက်သူ ကူညီ ၂၅၀၀၀ ယမ်း
စားပွဲ ကျင်းပပေး ၁၂၀၀၀ ယမ်း
နယ်စပ် ခြင်ဆေး ၁၀၀၀၀ ယမ်း
ဆိုလာ မီး ၁၀၀၀၀ ယမ်း
ပရင့်တာ ထုတ် ကျော်ထင်ထူး ၇၈၀၀ ယမ်း

စုစုပေါင်း  ၁၇၀၇၄၀ ယမ်း

ကျန်ငွေ    ၁၅၄၂၆၀ ယမ်း 

၂၀၁၀ ငွေစာရင်းရှင်းတမ်း နှင့် ၂၀၁၁ ငွေစာရင်းရှင်းတမ်း

၂၀၁၀ ငွေစာရင်းရှင်းတမ်း

၂၀၀၉ ခုနှစ် ကျန်ငွေ

နာဂစ် အလှူငွေ ကျန်ငွေ   ၃၇၆၀၀ ယမ်း
အထွေထွေ ကျန်ငွေ         ၂၇၇၁၅ ယမ်း

၂၀၁၀ ခုနှစ် ကောက်ခံငွေ တစ်ဦးလျှင် ယမ်း ၁၅၀၀၀ ထည့်ဝင်အမျိုးသားနေ့ ကျင်းပရန် ကောက်


နော်သိန်းသိန်း         ၁၅၀၀၀ ယမ်း
စောကပေါထူး         ၁၅၀၀၀ ယမ်း
စောဖိုးချို                  ၁၅၀၀၀ယမ်း
ကိုညီညီလွင်            ၁၅၀၀၀ ယမ်း
ကိုခင်မောင်အေး    ၁၅၀၀၀ ယမ်း
ကိုဝင်းသိန်း            ၁၅၀၀၀ ယမ်း
နော်ပေါလင်း          ၁၅၀၀၀ ယမ်း
စောကျော်ထင်ထူး  ၁၅၀၀၀ ယမ်း
စောဆာနေဘလု    ၁၅၀၀၀ ယမ်း
စောသဆဲလ်          ၁၅၀၀၀ ယမ်း
နော်လှဥမ္မာဝင်း      ၁၅၀၀၀ ယမ်း
စောဘလှသိန်း        ၁၅၀၀၀ ယမ်း
နော်လေးဖော်မင်း   ၁၅၀၀၀ ယမ်း
ကိုစသောင်းဝင်း   ၁၀၀၀၀ ယမ်း

စုစုပေါင်း    ၁၉၅၀၀၀ ယမ်း

ကိုရီးယားတီရှပ် အကျီ`င်္ ဖိုးပြန်ရငွေ ၆၁၀၀ ယမ်း

စုစုပေါင်း   ၂၀၁၁၀၀ ယမ်း

ကရင်အမျိုးသားနေ့  ကုန်ကျငွေ

ကိုသား ကော်ပီဖိုး အထွေထွေဝယ်    ၁၀၀၀၀ ယမ်း
အကျီ င်္ဝယ် ဂျပန်တွေ အတွက်               ၈၀၀၀ ယမ်း
အန်ကယ်လာ ပရင့်တာ လိုတာဝယ်     ၁၂၈၀၀ ယမ်း
သွားလာစရိတ် ပထမ အကြိမ်             ၁၀၀၀၀ ယမ်း
ဒုတိယ အကြိမ်                                     ၁၀၀၀၀ယမ်း
လေယာဉ်စရိတ်                                  ၈၅၀၀၀ ယမ်း
သက်တမ်းထပ်တိုးစရိတ်                      ၄၀၀၀ ယမ်း
JAC                                                     ၅၀၀၀ ယမ်း
အခန်းငှားခ ဝယ်ခ                               ၄၈၀၀ ယမ်း

အခန်းအကြီးငှားခ                             ၁၈၃၅၀ ယမ်း
ပစ္စည်းငှားခ                                          ၃၀၀၀ ယမ်း
ဂုဏ်ပြုလွှာ                                           ၃၅၀၀ ယမ်း
ခေါင်းစီးကပ် ကူး                                ၁၄၄၀ ယမ်း
ခေါင်းစီးပိတ်စ                                       ၁၂၆၀ ယမ်း
အလံတိုင် အထွေထွေ                             ၆၃၀ ယမ်း
အစီအစဉ် စာရွက်                                  ၄၀၀၀ ယမ်း
ရုံးခန်းမှ လာ ကားခ                               ၁၈၈၀ ယမ်း
အထွေထွေ ကုန်ကျ ငွေ                         ၁၃၆၅ ယမ်း
အိတ် ကဒ်ထူ                                            ၅၂၅ယမ်း
ဖိတ်စာ                                                    ၇၀၀ယမ်း
ရေဝယ်                                                 ၁၂၆၀ ယမ်း
အခွေ အပြန်ကားခ                               ၂၇၁၀ ယမ်း

စုစုပေါင်းကုန်ကျငွေ                           ၁၉၀၂၂၀ ယမ်း

ရငွေ မှ ပြန်နုတ်ပြီး ကျန်ငွေ...               ၁၀၈၈၀ ယမ်း

အခန်းခ မှ လှူငွေ ကို စိုက်ထုတ်ရငွေ  ၂၁၄၀ ယမ်း
မှန်ဘီလူးဖိုး စိုက်ထုတ်ရငွေ              ၂၅၅၇၅ ယမ်း


နယ်စပ်သွားရန်လှူတန်းငွေ        တစ်ဦး ၁၀၀၀၀ ယမ်း

စောကပေါထူး                      ၁၀၀၀၀ ယမ်း
နော်သိန်းသိန်း                     ၁၀၀၀၀ ယမ်း
စခင်မောင်အေး                 ၁၀၀၀၀ ယမ်း
စောကျော်ထင်ထူး               ၁၀၀၀၀ ယမ်း
နော်ပေါလင်း                       ၁၀၀၀၀ ယမ်း
စောဘလှသိန်း                   ၁၀၀၀၀ ယမ်း
နော်လေးဖော်မင်း               ၁၀၀၀၀ ယမ်း
စညီညီလွင်                         ၁၀၀၀၀ ယမ်း
စောသဆဲလ်                       ၁၀၀၀၀ ယမ်း
နော်ဥမ္မာ                             ၁၀၀၀၀ ယမ်း
စော ဆာနေဘလု               ၁၀၀၀၀ ယမ်း
စောဖိုးချို                            ၁၀၀၀၀ ယမ်း
စောဝင်းသိန်း                      ၁၀၀၀၀ ယမ်း



နယ်စပ်သွား ကုန်ကျစရိတ်

မှန်ဘီလူး စကားပြောစက်  ၄၀၀၀၀ ယမ်း
Range finder                      ၄၀၀၀၀ ယမ်း

ထိုင်းတွင်ငွေလှူ ယူသွားငွေ ၆၀၀၀၀ ယမ်း

ကုန်ကျငွေ စုစုပေါင်း          ၁၅၉၀၀၀ ယမ်း

 လိုအပ်တာဝယ်ငွေ      ၁၉၀၀၀ ယမ်း
နယ်စပ်လှူတန်းပြီး လိုငွေ ..၂၉၀၀၀ ယမ်း

သီတင်းကျွတ် ဈေးရောင်း

ဝက်သားဝယ်                    ၃၉၅၀၀ ယမ်း
အခန်းငှား ခ                     ၂၅၀၀၀ ယမ်း
ခွက် တူ ဝယ်                      ၃၄၀၀ ယမ်း
ကားခ                                ၁၉၄၀ ယမ်း
အချဉ်ရေ တိုလီမိုလီ          ၂၆၀၀ ယမ်း
ဝက်နားရွက်    အသား       ၅၅၀၀ ယမ်း
အရောင်တင်မှုန့်                  ၉၀၀ ယမ်း

ကုန်ကျငွေ စုစုပေါင်း       ၇၈၈၄၀ ယမ်း

ဈေးရောင်း ပြန်ရငွေ       ၅၉၀၀၀ ယမ်း

စိုက်ပေးရငွေ                 ၁၉၈၄၀ ယမ်း

ကရင်စားစရာ မိတ်ဆက်ပွဲ ကုန်ကျစရိတ်

ကိုသားဈေးဝယ်              ၁၉၂၃၀ ယမ်း

အခန်းငှား တွေ့ ဆုံခန်း    ၆၅၀၀ ယမ်း

ငပိဝယ် ကျန်တာ အထွေထွေ  ၆၃၇၀ ယမ်း

စုစုပေါင်းကုန်ကျငွေ       ၃၂၁၀၀ ယမ်း

လာရောက်စားသုံးသူ      ၁၈၀၀၀ ယမ်း

စိုက်ထုတ်ပေးရငွေ         ၁၄၁၀၀ ယမ်း

၁၄-၈-၂၀၁၀ စည်းဝေး ဖထီးခိုမခိုဘန်း   ဧည့်ခံ

အခန်းခ                ၄၀၀၀ ယမ်း
ကော်ပီ                 ၁၅၀၀ ယမ်း
ကျွေးမွေးစရိတ်   ၁၀၀၀၀ ယမ်း

စုစုပေါင်းကုန်ကျငွေ   ၁၅၅၀၀ ယမ်း

KNL Group ပျော်ပွဲခရီး

ရေကူးကန် ဝင်ကြေး   ၂၁၂၈၀ ယမ်း
ရေကူးခ                       ၂၄၀၀ ယမ်း

စုစုပေါင်းကုန်ကျငွေ     ၂၃၆၈၀ ယမ်း

ကရင်မိတ်ဆုံစားပွဲ ကုန်ကျငွေ  စားစရာ ချက် ပြုတ် ကုန်ငွေ   ၁၉၀၀၀ ယမ်း

သောက်စရာလို ဝယ်                                                            ၁၅၅၀၀ ယမ်း

အခန်းခ                                                                                 ၅၅၀၀ ယမ်း

ဓာတ်ပုံကူး                                                                            ၁၁၀၀ ယမ်း

ကုန်ကျငွေ                                                                           ၄၁၁၀၀ ယမ်း

ကောက်ခံရငွေ စုစုပေါင်း                                                     ၃၂၄၀၀ ယမ်း

စိုက်ထုတ်ရငွေ စုစုပေါင်း                                                        ၈၇၀၀ ယမ်း

၂၀၁၀ ခုနှစ် အခန်းငှား ရမ်းခများ

                                  ၅၀၀၀ ယမ်း
                                  ၆၀၀၀ ယမ်း
                                  ၉၂၄၀ ယမ်း
                                 ၂၄၀၀ ယမ်း
                                 ၅၀၀၀ ယမ်း

စုစုပေါင်း ကိုညီညီလွင် ၂၇၆၄၀ယမ်း

စခင်မောင်အေး             ၆၀၀၀ ယမ်း
ဒီဇင်ဘာလ ၁၉-ဒီဇင်ဘာ ၂၀၁၀ ... ၁၈၀၀ ယမ်း

အခန်းခ စုစုပေါင်း ကုန်ကျငွေ    ၃၅၄၄၀ ယမ်း

ကောက်ခံငွေ တစ်ဦး ၂၅၀၀၀ ယမ်း
စုစုပေါင်း ၁၃ ဦး       ၃၂၅၀၀၀ ယမ်း

အသစ်ဝင်လာသူ ကစ်ဂျင်ဂျာ      ၂၀၀၀၀ ယမ်း
ပရော်ဖက်စ်ဆာ Mr Suburo Takizawa   ၂၀၀၀၀ ယမ်း

၂၀၁၀ စုစုပေါင်း ရငွေ စုစုပေါင်း   

၂၀၀၉ ခုနှစ် ကျန်ငွေ
နာဂစ် အလှူငွေ ကျန်ငွေ   ၃၇၆၀၀ ယမ်း
အထွေထွေ ကျန်ငွေ         ၂၇၇၁၅ ယမ်း

 အမျိုးသားနေ့ ကျင်းပပြီး
ရငွေ မှ ပြန်နုတ်ပြီး ကျန်ငွေ...               ၁၀၈၈၀ ယမ်း

 အသစ်ဝင်လာသူ ကစ်ဂျင်ဂျာ      ၂၀၀၀၀ ယမ်း
ပရော်ဖက်စ်ဆာ Mr Suburo Takizawa   ၂၀၀၀၀ ယမ်း

ကောက်ခံငွေ တစ်ဦး ၂၅၀၀၀ ယမ်း
စုစုပေါင်း ၁၃ ဦး       ၃၂၅၀၀၀ ယမ်း

စုစုပေါင်း  ၃၆၃၅၉၅ ယမ်း

၂၀၁၀ ခုနှစ် ကုန်ကျငွေ စုစုပေါင်း

အခန်းခ စုစုပေါင်း ကုန်ကျငွေ    ၃၅၄၄၀ ယမ်း
 ကရင်မိတ်ဆုံစားပွဲ
စိုက်ထုတ်ရငွေ စုစုပေါင်း                                      ၈၇၀၀ ယမ်း

အခန်းခ မှ လှူငွေ ကို စိုက်ထုတ်ရငွေ  ၂၁၄၀ ယမ်း
မှန်ဘီလူးဖိုး စိုက်ထုတ်ရငွေ              ၂၅၅၇၅ ယမ်း




KNL Group ပျော်ပွဲခရီး


စုစုပေါင်းကုန်ကျငွေ     ၂၃၆၈၀ ယမ်း

၁၄-၈-၂၀၁၀ စည်းဝေး ဖထီးခိုမခိုဘန်း   ဧည့်ခံ
စုစုပေါင်းကုန်ကျငွေ   ၁၅၅၀၀ ယမ်း

 နယ်စပ်လှူတန်းပြီး လိုငွေ ..၂၉၀၀၀ ယမ်း

ကရင်စားစရာ မိတ်ဆက်ပွဲ ကုန်ကျစရိတ်

စိုက်ထုတ်ပေးရငွေ         ၁၄၁၀၀ ယမ်း

သီတင်းကျွတ် ဈေးရောင်း

စိုက်ပေးရငွေ                 ၁၉၈၄၀ ယမ်း

စုစုပေါင်းကုန်ကျငွေ   ၁၇၃၉၇၅ယမ်း

၂၀၁၀ ခုနှစ် စာရင်းချုပ်ပြီး ကျန်ငွေ စုစုပေါင်း  ၁၈၉၆၂၀ ယမ်း